Founder Diary – Lesson #003
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
မိတ်ဆွေတစ်ယောက်က
ဒီ Project လေးကို လုပ်ပေးပါဦး။
အရေးကြီးလို့ပါဆိုပြီး Project တစ်ခုလာအပ်တယ်။
တွက်ကြည့်တော့ အမြတ်ကသိပ်မရှိဘူး။
ဒါပေမယ့် လူရင်းဆိုတော့ အားနာပြီး
လက်ခံလိုက်တယ်။
Project ပြီးတော့ အချိန်ကုန်တယ်။
စိတ်ပင်ပန်းတယ်။
ရသင့်တဲ့ အကျိုးအမြတ်လည်း မရတဲ့အပြင်
ကိုယ်ပါပြန်စိုက်လိုက်ရတာတွေလည်းရှိတယ်။
အဲဒီအချိန်မှာ လုပ်ငန်းအတွက် တကယ်အရေးကြီးတဲ့
တခြားProject တစ်ခုကို မလုပ်ဖြစ်လိုက်ရဘူး။
အဲဒီနေ့က ကျွန်တော် သဘောပေါက်လိုက်တာက
Yes တစ်ခါပြောလိုက်တိုင်း
တခြားတစ်ခုကို No ပြောလိုက်တာနဲ့ အတူတူပဲ။
ဥပမာ
မလိုအပ်တဲ့ Meeting တစ်ခုကို Yes ပြောလိုက်ရင်
ကိုယ့် Business ကို တိုးတက်စေမယ့် ၂ နာရီကို
ဆုံးရှုံးလိုက်ရတာမျိုး။
အရေးမကြီးတဲ့ အလုပ်တစ်ခုကို လက်ခံလိုက်ရင်
မိသားစုကိုပေးရမယ့်အချိန်ကို ဆုံးရှုံးလိုက်ရတာမျိုး
ဖြစ်နိုင်တယ်။
Founder တစ်ယောက်ရဲ့ အချိန်က
အကန့်အသတ်ရှိတယ်။
ဒါကြောင့်
မဟုတ်ဘူး လို့ ပြောတာက လူကို ငြင်းတာမဟုတ်ဘူး။
ကိုယ့်ရဲ့ အချိန်နဲ့ ရည်မှန်းချက်ကို ကာကွယ်တာပဲ။
အောင်မြင်တဲ့သူတွေက အခွင့်အရေးများလို့
အောင်မြင်တာ မဟုတ်ဘူး။
ကိုယ့်အတွက် မသင့်တော်တဲ့ အရာတွေကို
ငြင်းနိုင်လို့ အောင်မြင်တာ ဖြစ်တယ်။
Tayza Ko Ko
(Dragon & Delta Business Enterprise)
