Trading လောကထဲ ခြေစုံပစ် ဝင်လာဖို့စဉ်းစားနေပြီလား?

Trading လောကထဲ ခြေစုံပစ် ဝင်လာဖို့စဉ်းစားနေပြီလား?

တစ်ရက်ကို ဒေါ်လာ ရာဂဏန်း၊ထောင်ဂဏန်းလောက်ကို
Chart တွေကို ကြည့်ပြီးမျက်စိတစ်မှိတ်အတွင်း
ရှာလို့ရတယ်ဆိုတဲ့ စကားတွေ၊
Profit Screenshot တွေ မြင်ပြီး
Trading လောကထဲ ခြေစုံပစ် ဝင်လာဖို့
စဉ်းစားနေပြီလား?

ခဏလောက် စိတ်အေးအေးထားပြီး
ဒါလေးကို အရင်ဖတ်ကြည့်ပေးပါ။
လူအများစု မြင်နေရတဲ့ လှပတဲ့ Life Style တွေရဲ့
နောက်ကွယ်မှာ ထုတ်မပြောကြတဲ့
အမှန်တရားတွေ ရှိပါတယ်။

တကယ်လို့ သင်ဟာ
ညဘက်တွေမှာ ဇိမ်နဲ့ အိပ်စက်ချင်တယ်
ကိုယ့်ရဲ့ စိတ်ခံစားချက် (Emotion) ကို
အတက်အကျ အနိမ့်အမြင့်တွေ ကြားထဲ
အပင်ပန်းမခံချင်ဘူး
ပုံမှန်ဝင်ငွေလေးနဲ့ ဘဝကို စနစ်တကျ
အေးအေးလူလူ ဖြတ်သန်းချင်တယ်။
အလုပ်ပျက် အကိုင်ပျက်မဖြစ်ချင်ဘူး
Emotion မထိန်းနိုင်ဘဲ
ရှိစုမယ့်စုတွေ လုံးပါးမပါးသွားချင်ဘူးဆိုရင်

Trading လောကထဲ ခဏတဖြုတ်တောင်
ဝင်မလာပါနဲ့။

ဘာလို့လဲဆိုတော့ Trading ဆိုတာ နှလုံးရည်ရော၊
ဦးနှောက်ရည်ပါ သုံးရတဲ့ သွေးမထွက်တဲ့
စစ်ပွဲတစ်ခုမို့လို့ပါ။

M1 သို့မဟုတ် M5 Time Frame ထဲက
စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားတဲ့
Candle တွေကြားထဲမှာ ခံစားချက်ကို
ထိန်းချုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။

ကမ္ဘာ့ရွှေစျေး (XAUUSD) လို Market ထဲမှာ
ကိုယ်မထင်မှတ်တဲ့ သတင်းတစ်ခုကြောင့်
အကောင့်ထဲက ငွေတွေ မျက်စိရှေ့တင်
ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်က
စက္ကန့်တိုင်း ရှိနေပါတယ်။

Trading မှာ အမြဲနိုင်နေတာမရှိပါဘူး။
ဆုံးရှုံးမှု (Loss) ကို ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု
မရှိရင် သင့်ရဲ့ စိတ်ကျန်းမာရေးပါ
ထိခိုက်လာပါလိမ့်မယ်။

ဒီလောကဟာ အရည်အချင်းရှိရင် ရှိသလောက်
ဆုလာဘ်ကြီးမားတာ မှန်ပေမဲ့၊
အေးချမ်းတဲ့ ဘဝလေးတစ်ခုကိုပဲ
မက်မောတဲ့သူတွေအတွက်တော့
ငရဲတစ်ခု ဖြစ်သွားနိုင်ပါတယ်။

အရည်အချင်းရှိတဲ့သူတွေတောင်
ခြေတစ်လှမ်းမှားတာနဲ့ ငရဲခန်းထဲ
ရောက်သွားနိုင်တာသတိပြုပါ။

ဒါကြောင့်… မဝင်လာခင် ကိုယ့်ကိုယ်ကိုယ်
ပြန်မေးပါ။
ငါ့ဘဝရဲ့ ငြိမ်းချမ်းမှုကို ရင်းပြီး ဒီစစ်ပွဲကို
ဆင်နွှဲဖို့ တကယ် အဆင်သင့်ဖြစ်ပြီလား?

Tayza Ko Ko
(Dragon & Delta Business Enterprise)

error: Content is protected !!